Samsung QLED 75 дюймов 2019, 2020 (WMN-M25EB) Руководство по эксплуатации онлайн [71/138] 783859

Samsung QLED 75 дюймов 2019, 2020 (WMN-M25EB) Руководство по эксплуатации онлайн [71/138] 783859
- ဗမာ 68 -
- ဗမာ 69 -
ဗမာ
နံရံတွယ်ကပ်ကိရိယာဖရိန်ကိုတပ်ဆင်သည့်အခါ နှင့်ပြန်ဖြုတ်သည့်အခါ လူ 2 ဦးမဖြစ်မနေလုပ်ကိုင်ပြီး TV ကိုသေချာပိတ်ထားပါ။
နံရံကပ်အထိုင်အား တပ်ဆင်နေစဉ် စားပွဲခုံတစ်ခုအား အသုံးပြုပါ။ မျက်နှာပြင်ကွေး TV များအတွက် TV အား ထုတ်ပိုးသည့်
ပစ္စည်း (အခုအခံ) အား အသုံးပြုပါ။
မျက်နှာပြင်ပြား TV မျက်နှာပြင်ကွေး TV
တီဗွီအရွယ်အစားထက် ကျယ်ပြန့်ပြီး မျက်နှာပြင်စောင်းမနေသော နံရံတွင်သာ နံရံကပ်ကိရိယာကို တပ်ဆင်ပါ။
တပ်ဆင်ပြီးချိန်တွင် တီဗွီအောက်ခြေရှိ အကာ သို့မဟုတ် အခံသည် နံရံနှင့် ထိကပ်နေရမည်။ မထိနေပါက နံရံကပ်ကိရိယာကို
မတပ်ဆင်ရပါ။
TV ထက်ကြီးမားသော နံရံ
(တပ်ဆင်နိုင်သည်)
စောင်းနိုင်သောနံရံ
(မတပ်ဆင်နိုင်ပါ)
နံရံကပ်အထိုင်ထက်
အရွယ်အစားမကြီးမားသော နံရံ
(မတပ်ဆင်နိုင်ပါ)
TV ကိုနံရံတွင် မတပ်မီ ပါဝါကေဘယ်ကြိုးနှင့် TV အဆက်ကေဘယ်ကြိုးကို ဆက်ပါ။
နံရံတွယ်ကပ်ကိရိယာဖရိန်ကိုတပ်ဆင်သည့်/ပြန်ဖြုတ်သည့်အခါ အော်တီကယ်ကေဘယ်ကြိုးကို မထိခိုက်မိအောင် ဂရုပြုပါ။
အထူးသဖြင့် အော်တီကယ်ကေဘယ်ကြိုးပေါ်မနင်းမိပါစေနှင့်။
TV ကိုအထောက်ဖရိန်တွင် တပ်ဆင်ရန် ဝက်အူလှည့်ကိုသုံးပါ။ အီလက်ထရောနစ် ဝက်အူလှည့်ကိုသုံးခြင်းသည် ဝက်အူရစ်များ
ဟောင်းနွမ်းပြုတ်ထွက်သွားစေတတ်ပါသည်။
တီဗွီ နှင့်နံရံကြား အနည်းဆုံးအကွာအဝေးမှာ 2-3 မီလီမီတာ၊ သို့မဟုတ် နံရံနှင့် တပ်ဆင်သည့်အခြေအနေပေါ်မူတည်ပြီး
ပိုကွာဟနိုင်ပါသည်။
TV ၏ဘယ်သို့မဟုတ် ညာဘက်နှင့်နံရံတို့ကြား အကွာအဝေးမှာ ဖြစ်ပြီး နံရံနှင့် တပ်ဆင်သည့်အခြေအနေပေါ်မူတည်ပြီး
ပိုကွာဟနိုင်ပါသည်။
နံရံတွယ်ကပ်ကိရိယာကိုတပ်ဆင်သည့်အခါ TV မှာနံရံတွင်နီးကပ်လွန်းနေလျှင် TV နောက်ကျောဘက် သို့မဟုတ် နံရံပေါ်တွင်
ခြစ်ရာများ ဖြစ်တတ်သည်။
နံရံတွယ်ကပ်ကိရိယာကို မတပ်ဆင်မီ ဒေါက်တိုင်ကိုဖွင့်ရန် အားသုံးရမည်။ ဒေါက်တိုင်ကိုဖွင့်သည်အခါ သင့်ကိုယ်သင့်ထိခိုက်မိခြ
င်းမဖြစ်ရန် ဂရုပြုပါ။ (စောင်းနေသည့်ဒေါက်တိုင်များမှာ ဖွင့်ရခက်ပါသည်-အကြောင်းမှာ ယင်းတို့ကို TV၏ အလေးချိန်ကိုဝန်ခံနိုင်ရ
န်လိုအပ်သောကြောင့်ဖြစ်သည်။)

Содержание

Похожие устройства

Скачать